Tuesday, September 22, 2009

ဒီ နုတ်စ် BLOG လေး ပေါ်ပေါက်လာပုံ




ကျွန်တော်တို့ဟာ ၀ါသနာအလျောက် ဂစ်တာကို တီးကြပါတယ်။ ကီးဘုတ်တွေတီးကြပါတယ်..။
ဒီ့အတွက် အင်တာနက်ပေါ်မှာ လိုက်ရှာကြည့်ရင် .ရိုးရိုးသီချင်းစာအုပ် site တွေ၊ mp3 သီချင်း site တွေက ပလူပျံအောင် တွေ့ရှိခဲ့ရပေမဲ့လည်း သီချင်း နုတ်စ် တွေ တင်ထားတဲ့ site တွေ -အထူးသဖြင့် မြန်မာသီချင်း Notes တွေ တင်ထားတဲ့ blog မျိုး၊ site မျိုး တစ်ခုမှမတွေ့ရှိရပါဘူး။ နိုင်ငံခြားသီချင်း နုတ်စ်တွေ တင်ထားတဲ့ Blog-site တွေတော့ အမြောက်အများတွေ့ရှိရပါတယ်။

ဒီတော့ ကျွန်တော်တို့အနေနဲ့ အနှစ်နှစ်အလလက စုဆောင်းထားတဲ့ တန်းဖိုးရှိရှားပါး မြန်မာသီချင်း နုတ်ကလေး တွေ ကို ဖြစ်စေ၊ အင်တာနက်မှာလိုက်မွှေ့ရာက ရလာတဲ့နုတ်ကလေးတွေဖြစ်စေ။ကိုယ်တိုင် ထုတ်ထားတာဖြစ်စေ၊ သူငယ်ချင်းတွေလက်ဆင့်ကမ်းလာတာဖြစ်စေ၊ တစ်စုတစ်စည်းနဲ့ ဘလော့ဂ်
လေး လုပ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။

ဒီလိုနဲ့ ဒီ Notation BLOG လေး ကို မြန်မာဂီတ၀ါသနာတူ သူငယ်ချင်း များ စုပေါင်းပြီး စတင်မွေးဖွားလိုက်ပါပြီ။



အချို့နိုင်ငံခြားသီချင်းနုတ်တွေကိုတော့ Guitar Pro ဆော့ဖ်ဝဲယားနဲ့ဖွင့် ရတဲ့ gp4/gp5 ဖိုင် extension ဖိုင်တွေကိုဘဲတင်ထားပေးချင်ပါတယ်။ Guitar Pro ဟာ သိပ်အသုံးဝင်သလို သီချင်းတစ်ပုဒ်ကို တူရိယာ ၁၀မျိုး ပေါင်းတီးထားရင် -Track ၁၀လိုင်း တီးထားရင် Guitar Pro ဖိုင်ဟာ Pucca Notation သာမက Tab-Notation ကိုပါ Track ၁၀ ခု ကို နုတ်စာရွက် (၁၀)ရွက် Print ထုတ်နိုင်ပါတယ်။ PDF ဖိုင်အဖြစ်လည်း နုတ်စာရွက်ကို Produce လုပ် လို့၇ပါတယ်။ ဒါကြောင့် ဂစ်တာပရိုဖိုင်ရထားတဲ့ သီချင်းကိုတော့ သီခြား PDF ဖိုင်ပြန်မထုတ်ပေးတော့ဘဲ..သူ့ဖိုင်လေးအတိုင်းဘဲတင်ပါ့မယ်..။ ကိုယ့်ဖာသာကိုယ် နုတ်တွေကို Print ထုတ်ထုတ်- PDF ထုတ်ထုတ် ဆောင်ရွက်နိုင်ကြမှာပါ။

အထူးတိုက်တွန်းချင်တာကတော့ မြေစမ်းခရမ်းပျိုးပြီး အင်တာနက်ပေါ်မှာဒီ Blog လေး စဖွင့်လိုက်ခြင်းအား ဖြင့်လာလည်သူ ဂီတပညာရှင်များဟာ သူတို့စုဆောင်းထားတဲ့.. ကိုယ်တိုင်ထုတ်ထားတဲ့ နုတ်စ်ကလေးတွေကိုဒီ Blog လေးကိုဝိုင်းဝန်းလှူဒါန်းကြပြီး၊ဒီ Blog လေး နုတ်စ်တွေနဲ့စည်ကား ကြ၊ ရှယ် ကြနဲ့ အရမ်းအကျိုးရှိမယ်လို့မျှော်လင့်ထားတာပါ။ မအောင်မြင်ခဲ့ရင်တော့ လည်း ပိတ်လိုက်မယ်ပေါ့။


သီချင်းနုတ်စ်တွေ စုထားသူ၊ထုတ်ထားသူတွေရှိကြရင်..မြန်မာမိတ်ဆွေများ ကျွန်တော်တို့ Blog email လိပ်စာmyanmarnotes@gmail.com သို့ပေးပို့လှူဒါန်းပေးကြပါခင်ဗျာ။ ဒီ Blog မှာအကုန်ပြန်တင်ပေးပါ့မယ်။
ကုသိုလ်ဖြစ်ပါတယ်။သီချင်းတစ်ပုဒ်ကိုနုတ်ရေးရတာ အင်မတန်လက်ဝင်အချိန်ကုန်ပါတယ်။ ၀ိုင်းရှယ်ပေးခြင်းအားဖြင့်ဝါသနာရှင်တွေအရမ်းအဆင်ပြေကြပါတယ်။
ကူညီကြပါခင်ဗျာ။

အဓိကအားဖြင့်တော့ မြန်မာတေးသီချင်းနုတ်(စ်)တွေ စုဆောင်းတင်ဆက်ထားချင်တာပါ။ သို့သော်..နိုင်ငံခြား
သီချင်းပေါ်ပြူလာနံမည်ကြီးများ ရဲ့ နုတ်စ်အချို့ တွေ ကို လည်းတင်ချင်ပါတယ်။ တင်ပါမယ်။


ကျေးဇူးတင်စွာဖြင့်
ဝါသနာရှင် Blogging Team

4 comments:

  1. တစ်စိုက်မတ်မတ်နဲ့  တင်သွားမယ်ဆိုရင် မအောင်မြင်စရာအကြောင်းမရှိပါဘူးဗျာ...
    အားပေးနေပါတယ် :)

    ReplyDelete
  2. င်္Feedback ကလေး ပေးလို့ကျေးဇူးတင်ပါတယ်။
    ပုံမှန်တင်နိုင်ရေးက နုတ်စ်တွေလှူပေးပို့ပေးတဲ့အပေါ်မှာလည်းမူတည်နေတော့ ကာ မြန်မာဂီတပညာရှင်များအနေနဲ့ နုတ်စ်အလှူပေးပို့ရေးအတွက်ထပ်ပြီး မေတ္တာရပ်ခံပါတယ်။

    B.Team

    ReplyDelete
  3. ဒီလို Site က မရှိသလောက်ဆိုတော့ ကျေးဇူးတင်ပါတယ်။
    မျိုးကြီးရဲ့ အဆိပ်ခွက် သီချင်းကို piano notes လေးလိုချင်ပါတယ်။ ကျေးဇူးပြုပြီး တင်ပေးပါဦးဗျာ။

    ReplyDelete
  4. (despicable me music studio.)
    FL studio Mobile.apk+data
    chordbot.apk
    Audio Evolution.apk
    guitar pro.apk
    guitar tap.apk
    audio converter.apk
    ASD Lite.apk
    Only Edited in Android device mobile.
    ခေတ်သစ် လူငယ်နည်းပညာ ဆော့ဝဲများ။
    ဝါသနာတူ ကျွန်တော်လိုလူငယ်တွေ mobileဖုန်း
    ထဲ Create လုပ်နိုင်ကြပါစေ။
    mobogine or browser မှ down ယူနိုင်ပါသည်။ သူ့ အားသာချက်က PC Computer လို
    မငြောင်းမငြာ ပဲလက်ထဲတင် Touch telephone
    နဲ့ လုပ်လို့ရနိုင်တာပါ။ကျွမ်းကျင်ရာလိမ်မာရာပေါ့ဗျာ။



    ReplyDelete
    Replies

    Se Thu18 March 2016 at 13:17
    Guitar pro.apk ကအထက်ပါ
    guitar pro note တွေandroid telephone
    ထဲဖွင့်လို့ ရပါတယ်။
    guitar tab.apkနဲ့ midi ပြောင်းပြီး plugin engine
    မြင့်ထဲ့ FL Studio mobile.apk
    ထဲရွေ ပြီးနားထောင်ရင် မိုက်တယ်ဗျ။

    Delete
    Reply

    ReplyDelete